Posts

Showing posts from May, 2025

"The Unequal Marriage"

Image
မင်မင်အနေနဲ.မြင်ပြီးတာနဲ.တစ်ပြိုင်နက်ထဲစိတ်ထဲကထုတ်လို့မရတဲ့ပန်းချီကားများစွာရှိပါတယ်။ဒါပေမယ့်ယခုပန်းချီကားကတော့  "The Unequal Marriage" လို့ခေါ်ပါတယ်။ 19 ရာစုတွင်ထင်ရှားကျော်ကြားခဲ့သောရုရှားအနုပညာရှင် Vasili Vladimirovich Pukirev ၏ထင်ရှားသောဆီဆေးပန်းချီဖြစ်သည်။1862 ခုနှစ်တွင် ဖန်တီးခဲ့သော ဤပန်းချီကားသည် သတို့သမီးနှင့် သတို့သားအကြားကွဲပြားခြားနားမှုများကိုထင်ရှားစွာပြသနေသလို အနုပညာဖြင့် အဆိုပါခေတ်ကာလ၏ လူမှုရေးရာစံနှုန်းများအပေါ်ဝေဖန်ထားပါသည်။ "The Unequal Marriage"မင်္ဂလာပွဲကို အမှောင်ဖျော့ဖျော့ဘုရားကျောင်းအတွင်းမှခမ်းနားသောမင်္ဂလာပွဲအခိုက်အတန့်ကိုရေးဆွဲထားပါသည်။ အဓိကဇာတ်ဆောင်နှစ်ဦးကတာ့ ငယ်ရွယ်သော သတို့သမီးနှင့် သက်ကြီးသတို့သားဖြစ်ပြီးအသက်အရွယ်နှင့် အပြုအမူကိုချက်ချင်းသိသာစေမှာပါ။သတို့သမီး Praskovya Matveevna Varentsona သည် ရိုးရာအဖြူရောင် မင်္ဂလာဝတ်စုံနှင့်ခေါင်းဆောင်းနဲ.လက်ယာဘက်မှာလှပစွာရပ်နေပါတယ်။ သူမမျက်နှာကတော့ကြမ်းပြင်ဆီကိုငုံ့ထားပြီး ဝမ်းနည်းနေတဲ့ပုံစံရှိကာ သူမလက်တစ်ဖက်မှာတော့မီးထွန်းညှိထားတဲ့ ဖယောင်းတိုင်တစ်တိုင်ကိုလျော့တိလျော့ရဲကိုင်ဆောင်ထားပြီးလက်တစ်ဖက်ကိုတ...